Audio Engineering

Getting into Professional Field

မျက်မမြင်များ ဂီတပညာရပ်အားကြွမ်းကျင်စွာ တတ်မြောက်ခြင်းသည် အလုပ်အကိုင်အခွင့်လမ်းနှင့် ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ရန်အတွက် အနီးစပ်ဆုံးခြေလမ်းတစ်ခုဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ ၂၀၁၆ ခုတွင်မြန်မာနိုင်ငံတွင် မျက်မမြင်များအတွက် Audio Engineering သင်တန်းပထမဆုံး ဖွင့်လစ်သင်ကြားပေးနိုင်ခဲ့ပါသည်။

ဤသင်တန်းအား နှစ်စဉ်နှစ်တိုင်းကျင်းပသွားမည်ဖြစ်ပါသည်။ ဤသင်တန်း တက်ရောက်လိုသူများသည် ကွန်ပျူတာအခြေခံနှင့် ဂီတအခြေခံပညာရပ်ကို ကြေညက်စွာ တတ်မြောက်ထားရမည်ဖြစ်ပါသည်။

အကယ်၍ကွန်ပျူတာအခြေခံနှင့် ဂီတ အခြေခံပညာရပ်အားမတတ်မြောက်ထား၍ လေ့လာလိုပါက မြန်မာနိုင်ငံမျက်မမြင်များအသင်း ကွန်ပျူတာသင်တန်းဌာနတို့ ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။