၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် (The Future is Accessible) အသိပညာပေး လှုပ်ရှားမှုအခမ်းအနားကို မြန်မာနိုင်ငံမျက်မမြင်များအသင်က (၃၀.၁၁.၂၀၁၉) ရက်နေ့တွင် ပြည်သူ့ရင်ပြင်ရှိ တော်ဝင်နှင်းဆီကွင်းတွင် နေ့လည် (၁) နာရီမှ ည (၈) နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ၎င်းအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် ပူးပေါင်းပံ့ပိုးပေးပါသော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူချုပ် ဦးဝင်းနိုင်ထွန်း၊ ဖိတ်ကြားထားသော သတင်းမီဒီယာများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၊ မေရီချက်မင်းနားမကြားသော ကလေးများကျောင်း၊ မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ရန်ကုန်တိုင်းမသန်စွမ်းသူများအသင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၊ လှိုင်သာယာမသန်စွမ်းသူများအသင်း၊ Myanmar Down Syndrome အသင်း၊ Phone Thabar Foundation နှင့် ခရမ်းရောင်ကြာပန်းအဖွဲ့ တို့အား မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ အထူးကျေးဇူးတင်ကြောင်း မှတ်းတမ်းတင်ဖော်ပြအပ်ပါသည်။