မြန်မာနိုင်ငံမျက်မမြင်များအသင်းသည် အမြင်အာရုံမသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု သေချာစေရေးအတွက်ဦးတည်၍ စီးပွားရေးလုပ်ငန်းရှင်များ၊ မီဒီယာအဖွဲ့အစည်းများနှင့် စာရေးဆရာများအားဖိတ်ခေါ်ကာ လုပ်ငန်းခွင်အလိုက် စွမ်းဆောင်နိုင်မှုကဏ္ဍများအား မိတ်ဆက်ခြင်း အစီအစဉ်တစ်ရပ်ကို အမြင်အာရုံမသန်စွမ်းသူများနှင့် အတူတကွ ညစာသုံးဆောင်ခြင်း Dinner in the Dark အမည်ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၆ နာရီမှ ၉ နာရီအထိ ရန်ကုန်မြို့ Rose Garden Hotel တွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အသိပညာပေး စည်းရုံးလှုံ့ဆော်ခြင်းအစီအစဉ်တွင် အမြင်အာရုံမသန်စွမ်းသူများအဖြစ် ခေတ္တအငှားခံစားကြည့်ခြင်း၊ စွမ်းဆောင်မှုကဏ္ဍများအား တင်ပြဆွေးနွေးခြင်း၊ လုင်ငန်းခွင် ဝင်ရောက်လျှက်ရှိသူတို့၏ အတွေ့အကြုံများအား ရှင်းလင်းတင်ပြပြီးနောက် အမှောင်ခန်းထဲတွင် မျက်စိပိတ်လျှက် ညစာအတူတကွ သုံးဆောင်ခြင်းတို့ကို အမှုဆောင်များအပါအဝင် ဖိတ်ကြားထားသော ဧည့်သည်များအားလုံးက ပူးပေါင်းဖော်ဆောင်ကြသည်။ မမသသည် ဖော်ပြပါလုပ်ငန်းစဉ်အား ICEVI ၏ ရန်ပုံငွေပံ့ပိုးမှုအစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အနာဂတ်ကာလတွင်လည်း အလားတူ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်၍ အမြင်အာရုံမသန်စွမ်းသူတို့၏ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *