Members

မြန်မာနိုင်ငံမျက်မမြင်များအသင်း
တစ်ဦးချင်းအသင်း၀င်များ သိရှိရန်လိုအပ်ချက်များ
၁။ ပြည်ထောင်စုမြန်မာနိင်ငံသား၊ လုံး၀မျက်စိမမြင်သူ (သို့မဟုတ်) တစ်စိတ်တစ်ဒေသမျက်စိမမြင် သူ၊ အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။
၂။ သတ်မှတ်ထားသော အသင်း၀င်ကြေးနှင့် နှစ်စဉျကြေးများကို ပေးသွင်းနိုင်သူဖြစ်ရမည်။
၃။ မိမိဂုဏ်သိက်ခာကို မငဲ့ကွက်ဘဲ လှည့်လည်တောင်းရမ်းစားသောက်ခြင်း ပြုလုပ်ပါက အသင်း၀င် အဖြစ် လျှောက်ထားခွင့်မရှိပါ။
၄။ အသင်း၀င်အဖြစ်လျှောက်ထားသူသည် အသင်း၏လုပ်ငန်းတွင် စိတ်၀င်စား၍ မိမိတို့ ဘ၀တူခြင်း များကို တတ်အားသမျှ ကူညီဖေးမလိုသောစိတ်ဆန်ဒရှိသူဖြစ်ရမည်။
အသင်းသားအဖြစ်မှ ရပ်စဲခြင်း
၁။ သာမန်အားဖြင့် အသင်း၀င်နှစ်စဉျကြေးများကို အသင်းကသတ်မှတ်ထားသည့်အတိုင်း တောင်းခံ သော်လည်း လေးနှစ်တိတိ မပေးသွင်းလျှင် အသင်း၀င်အဖြစ်အလိုအလျှောက် ရပ်စဲမည် ဖြစ်သည်။
၂။ အသင်း၏အကျိုးစီးပွါးပျက်စီးအောင်သော်လည်းကောင်း၊ အသင်း၏ဂုဏ်သိက်ခာသေးသိမ်ညှိုးနွမ်း အောင်သော်လည်းကောင်း ပြုလုပ်ဆောင်ရွက်သော အသင်းသားများကို အမှုဆောင်အဖွဲ့ကစီစစ်၍ အသင်း၀င်အဖြစ်မှရပ်စဲသည်။
၃။ မစိုးရအပြစ်ဒါဏ်ကျသွားလျှင်သော်လည်းကောင်း၊ စိတ်ထဇေ၀ဒနာစွဲကပ်လျှင်သော်လည်းကောင်း၊ အမှုဆောင်အဖွဲ့မှ အသင်းသားဆက်လက်ဖြစ်ပိုင်ခွင့် ရှိ/မရှိကို ကိစ်စတစ်ခုချင်းအလိုက်ဆုံးဖြတ်ပေး မည် ဖြစ်သည်။
၄။ မိမိသဘောဆန်ဒအရ အသင်း၀င်အဖြစ်မှ နှုတ်ထွက်လိုပါကလည်း တင်ပြလျှောက်ထားနှုတ်ထွက် ပိုင်ခွင့်ရှိသည်။
သတ်မှတ်ထားသော အသင်း၀င်ကြေး – ၁၅၀၀
နှစ်စဉ်ကြေး – ၁၀၀၀

Download MNAB membership-application-form.docx